စာရေးသူ

အားလုံးမြင်နိုင်ရန်
David C. McCasland

ဒေးဗစ် စီ မက်ကာ့စ်လန်

ဒေးဗစ် စီ မက်ကာ့စ်လန် (David C. McCasland)သည် ၁၉၉၅ ခုနှစ်မှ စ၍ ၂၀၁၈ ခုနှစ်တိုင် Our Daily Bread အတွက် စာမူများရေးသားပေးသူဖြစ်သည်။ Discovery House ပုံနှိပ်တိုက်မှ ဆရာ၏ Oswald Chambers: Abandoned to God နှင့် Eric Liddell: Pure Gold စာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဆရာနှင့်ဇနီး ဆရာမ လူအန်း(Luann) တို့သည် ကော်လိုရာဒိုပြည်နယ်၊ ကော်လိုရာဒို စပရင်းမြို့၌ နေထိုင်ကြပြီး ၎င်းတို့တွင် သမီး ၄ ဦးနှင့် မြေး ၆ ဦးရှိသည်။

စာမူ/ အကြောင်းအရာ များ ဒေးဗစ် စီ မက်ကာ့စ်လန်

အမည်ဂုဏ်ပုဒ်များထက် ကျော်လွန်၍

ကျွန်တော်နေထိုင်သည့် မြို့ရှိ ဘုရားကျောင်းတစ်ခုတွင် လူတိုင်းအတွက် ဘုရားသခင်၏ မေတ္တာတော်နှင့် ကျေးဇူးတော်ကို ထူးခြားစွာဖြင့် ဖော်ပြသည့်စာသားများကို ကြိုဆို နှုတ်ခွန်းဆက်ခြင်း ကတ်၌ ဖော်ပြရေးသားသည်။ “သင်သည် သူတော်စင်တစ်ဦး ဖြစ်လျှင်၊ အပြစ်သားတစ်ဦးဖြစ်လျှင်၊ အရှုံးသမားတစ်ဦးဖြစ်လျှင်၊ အောင်မြင်သူတစ်ဦးဖြစ်လျှင် ...”၊ ထိုမျှမက ရုန်းကန်နေရသူအတွက် “သင်သည် အရက်သမား ဖြစ်လျှင်၊ မတရားသောသူဖြစ်လျှင်၊ လိမ်လည်သူဖြစ်လျှင်၊ ကြောက်တတ်သူဖြစ်လျှင်၊ ဂွကျသူဖြစ်လျှင်... သင့်ကို
ဤနေရာမှ ကြိုဆိုပါသည် ” ဟူ၍ ဖြစ်သည်။ သင်းအုပ်တစ်ပါးက“တနင်္ဂနွေနေ့တိုင်း ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်မှာ ကျွန်တော်တို့ ထိုကတ်မှ စာသားကို အသံကျယ်ကျယ်ဖြင့် အတူတကွ ရွတ်ဆိုကြတယ်...” ဟု ပြောပြသည်။
မကြာခဏဆိုသလို ထိုဂုဏ်ပုဒ်များကို ကျွန်တော်တို့လက်ခံပြီး မိမိကိုယ်ကို မည်သူဖြစ်သည်ဟု သတ်မှတ်သည်။ သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်သည် ထိုအမည် ဂုဏ်ပုဒ်များ ထက်ကျော်လွန်သည်။ အဘယ်ကြောင့်ဆိုသော် ကျေးဇူးတော်သည်…

ကျွန်ုပ်လည်း ထိုသို့ပြောမည်လား

‘‘မောင်နှမချင်း ပြိုင်ဆိုင်မှု၏ အကြီးမားဆုံး အကြောင်းရင်းတစ်ခုမှာ အလိုလိုက် မျက်နှာသာပေး ခံရခြင်းကြောင့်ဖြစ်ကြောင်း’’ အမူအကျင့် ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ကလေး အထူးကု ဒေါက်တာ ဘာဘရာ ဟောင်းဝဒ်က ပြောခဲ့သည်။ (“When Parents Have a Favorite Child” nytimes.com)။ ဥပမာအားဖြင့် ဓမ္မဟောင်းကျမ်းမှ ဇာတ်လိုက်တစ်ဦး ဖြစ်သည့် အဖေ့အချစ်ဆုံးသား(ယောသပ်)ကြောင့် အစ်ကိုတို့
ဒေါသထွက်ခဲ့သည် (က ၃၇း၃-၄)။ သို့ဖြစ်၍ ယောသပ်အား အဲဂုတ္တုပြည်သို့သွားမည့် ကုန်သည်များထံ ရောင်းစားလိုက်ပြီး
တောကောင် တစ်ကောင်က ကိုက်သတ်လိုက်သည့်ဟန် ဖြစ်အောင် လုပ်ခဲ့ကြသည် (က ၃၇း၁၂-၃၆)။ ယောသပ်၏ အိပ်မက်မှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပြီး အနာဂတ် မှာလည်း မျှော်လင့်ချက်မဲ့သယောင် ထင်ရသည်။
သို့သော် ယောသပ်၏ ဘ၀လမ်းခရီးတစ်လျှောက် ဘုရားသခင်အပေါ် မှန်ကန်သစ္စာရှိစွာ အသက်ရှင်ရန် ရွေးချယ်ခဲ့ပြီး သူ၏အခြေအနေ ပိုမိုဆိုးဝါးလာသည်ဟု…

တစ်ညီတစ်ညွတ်တည်း ပါဝင်ခြင်း

ကျွန်တော်တို့မြေးလေး၏ ကျောင်းဂီတပွဲတော်တွင် အသက် ၁၁-၁၂ နှစ် အရွယ် ကလေး များ၏ ဖျော်ဖြေရေးအစီအစဉ်ကို ကျွန်တော်အလွန်သဘောကျသည်။ အကယ်၍ မိမိ၏ တစ်ဦးချင်းစွမ်းရည်ကိုသာ ပေါ်လွင်စေလိုပါက အဖွဲ့၏စုပေါင်းညီညွတ်မှုကို ရမည် မဟုတ်ပါ။ သစ်သားတူရိယာကဏ္ဍ၊ ကြေးတူရိယာကဏ္ဍနှင့် တီးခတ်မှုကဏ္ဍတို့သည် သူ့အပိုင်းနှင့်သူ ညီညွတ်စွာ ပါဝင်တီးမှုတ်ခြင်းကြောင့်
သာယာနာပျော်ဖွယ်သီချင်း ထွက်ပေါ်လာရခြင်း ဖြစ်သည်။
သခင်ယေရှု၏ တပည့်တော်များသည် ရောမမြို့၌ ရှိစဉ်၊ ရှင်ပေါလုက “ငါတို့သည် ခရစ်တော်၌ တစ်ကိုယ်တည်း ဖြစ်၍ အသီးသီး အင်္ဂါချင်းဖြစ်ကြ၏။ ထိုသို့ ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါသည် အသီးသီး အပြားပြားသော ဆုများကို ခံရသည်” (ရော ၁၂း၅-၆) ဟု ရေးသားခဲ့သည်။ ထိုကျေးဇူးတော်အသီးသီးအနက် ရှင်ပေါလု ဖော်ပြသော ဆုကျေးဇူးများမှာ ဓမ္မဆရာအရာ၊ ဆုံးမသြ၀ါဒပေးသောသူ၊ နှိုးဆော်သွေးဆောင်သောသူ၊ စွန့်ကြဲဝေငှသောသူ၊ အုပ်ချုပ်သောသူနှင့် မစသနားခြင်းအမှုကို ပြုသောသူတို့…

ကျေးဇူးတော် စည်းချက်များ

အသက် ၉၀ စွန်းစွန်း ရှိပြီး အိမ်ထောင်သက်တမ်း ၆၆ နှစ် ရှိသည့် ကျွန်တော့်မိတ်ဆွေ ဇနီးမောင်နှံတို့သည် သူတို့၏မိသားစုသမိုင်းကြောင်းကို ကလေးများ၊ မြေးများနှင့် နောင်လာ မည့် မျိုးဆက်တို့ သိရှိစေရေးအတွက် ရေးသားခဲ့သည်။ နောက်ဆုံးအခန်း ဖြစ်သည့် ‘‘အမေနှင့်
အဖေတို့ထံမှပေးစာ’’ တွင် သူတို့ဘ၀၌ သင်ယူရရှိခဲ့သော အရေးကြီးသင်ခန်းစာများ ပါဝင်သည်။ ၎င်းတို့အနက် သင်ခန်းစာ တစ်ခုသည် ကျွန်တော့် အား ခေတ္တရပ်ပြီး မိမိအသက်တာကို သုံးသပ်ဆင်ခြင် စေပါသည်။ ‘‘ခရစ်ယာန် အသက်တာသည် သင့်ကို မောပန်းစေ သည်၊ သင့်စွမ်းအင်ကို ယုတ်လျော့စေသည်ဟု ထင်မြင်မိပါက သင်သည် သခင်ယေရှုခရစ်တော်နှင့် ရင်းနှီးကျွမ်းဝင်မှုကို နှစ်သက်သည်ထက် ဘာသာတရားကို လေ့ကျက်နေခြင်းသာ ဖြစ်သည်။ ကိုယ်တော်နှင့်လျှောက်လှမ်းမှုသည် သင့်ကို ၀န်လေး၍ပန်းပင်မှု မဖြစ်စေပါ။ သင့်ကို လန်းဆန်းစေပြီး ခွန်အားကို ပြန်လည်ဖြည့်တင်းပေးကာ အသက်တာကို…

တစ်ဆယ့်ငါးမိနစ် စိန်ခေါ်ချက်

ဟားဗတ် တက္ကသိုလ်၌ အချိန်ကြာမြင့်စွာ ဥက္ကဌဖြစ်ခဲ့သူ Dr Charles W. Eliot က ကမ္ဘာစာကြီးပေကြီးများကို တစ်ရက်လျှင် မိနစ်အနည်းငယ်ခန့် တစ်စိုက်မတ်မတ် ဖတ်တတ်သော သာမန်လူများပင်လျှင် အဖိုးတန် ပညာရတနာကို ရရှိနိုင်ကြောင်း ယုံကြည်သည်။ ၁၉၁၀ ခုနှစ်၌ သူသည် သမိုင်းဘာသာ၊ သိပ္ပံ၊ ဒဿနနှင့် အနုပညာ စာအုပ်များမှ လက်ရွေးစင်စာအုပ်များကို ပေါင်းချုပ်ပြီး ‘‘The Harvard Classic’’ ဟု ခေါ်သည့် အတွဲ ၅၀ ပါသော စာအုပ်တွဲကို ပြုစုခဲ့သည်။ စာအုပ်တွဲတိုင်း၌ Dr Eliot ၏ နေ့စဉ် စာမျက်နှာ ၈ မျက်နှာမှ ၁၀ မျက်နှာ အထိ ဖတ်ရန် အားပေးသည့် ‘‘တစ်နေ့လျှင် တစ်ဆယ့်ငါးမိနစ်” ဆိုသော တစ်နှစ်စာ စာဖတ်လမ်းညွှန် ပါဝင်သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်အား…

ကျွန်ုပ်တို့လိုအပ်သမျှ

တွေ့ကြုံရင်ဆိုင်ရသည့် အလုပ်များအတွက် အရည်အချင်းမပြည့်ဝဟု ကျွန်ုပ် ရံဖန်ရံခါ ခံစားရသည်။ ဥပုသ်စာဖြေကျောင်း၌ ကျမ်းစာသင်ကြားခြင်းဖြစ်စေ၊ မိတ်ဆွေ တစ်ဦးဦးကို အကြံပေးရခြင်းဖြစ်စေ၊ နေ့စဉ်ခွန်အား စာစောင်အတွက် စာမူရေးပေးရခြင်း ဖြစ်စေ၊ စိန်ခေါ်မှုအခက်အခဲများက ကျွန်ုပ်၏ အရည်အချင်းထက် ပို၍ ကြီးမားသည်ဟု တစ်ခါတစ်ရံ ထင်ရသည်။ ပေတရုနည်းတူ ကျွန်ုပ်လည်း သင်ယူစရာများစွာ ရှိပါသည်။
သခင်ယေရှုနောက်တော်သို့ ကြိုးစားလိုက်လျှောက် သည်တွင် ပေတရု၏အားနည်းချက်များကို ဓမ္မသစ်ကျမ်း၌ ဖော်ပြထားသည်။ သခင်ယေရှုထံသို့ ရေပေါ်၌ လမ်းလျှောက်သွားစဉ် ပေတရု နစ်မြှုပ်ခဲ့သည် (မ ၁၄း၂၅-၃၁)။ သခင်ယေရှု အဖမ်းခံရချိန်တွင် ကိုယ်တော့်အား သူမသိဟု ပေတရု ကျိန်ခဲ့သည် (မာ ၁၄း၆၆-၇၂)။ သို့သော် သေခြင်းမှရှင်ပြန် ထမြောက်သည့် ခရစ်တော်နှင့် ရင်ဆိုင်ရပြီးနောက် ၀ိညာဉ်တော်၏တန်ခိုးအားဖြင့် ပေတရု၏အသက်တာ ပြောင်းလဲခဲ့သည်။ “ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကိုသိသောဉာဏ်အားဖြင့် ငါတို့အား…

အသုံးမရသော

‘‘ပုံမှန် အလုပ်မလုပ်ခြင်း” ဟူသည့်စကားလုံးကို တစ်ဦးချင်း၊ မိသားစုဆွေမျိုးသားချင်း၊ အဖွဲ့အစည်းနှင့် အစိုးရအဖွဲ့တို့အတွက် အသုံးပြုသည်။ ‘‘ပုံမှန်အလုပ်လုပ်ခြင်း’’ ဆိုသည့်စကားလုံး၏အဓိပ္ပာယ်မှာ စနစ်တကျ အမှန်တကယ် အလုပ်လုပ်ခြင်း ဖြစ်ပေရာ၊ ၎င်း၏ဆန့်ကျင်ဘက်‘‘ပုံမှန် အလုပ်မလုပ်ခြင်း’’ ဆိုလျှင် ကျိုးပဲ့ခြင်း၊ ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း၊ စနစ်တကျ ပုံစံရေးဆွဲထားသည့်အတိုင်းအကောင်အထည်မဖော်နိုင်ခြင်းကို ဆိုလိုသည်။
ရှင်ပေါလုရေးသားသည့် ရောမဩ၀ါဒစာစောင်တွင် ၀ိညာဉ်ရေးရာ၌   ပုံမှန်မဟုတ်သည့်လူသားများနှင့် စပ်လျဉ်း၍ ဖော်ပြထားသည်။ ကျွန်ုပ်တို့ အားလုံးသည် ဘုရားကို ဖီဆန်အာခံသောအဖွဲ့တွင် ပါဝင်ပတ်သက်နေ ပါသည်။ ‘‘လူအပေါင်းတို့သည် လမ်းလွဲကြပြီး တစ်ညီ တစ်ညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တစ်ယောက်မျှ မရှိ။ ... အဘယ်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ’’ (ရော ၃း၁၂၊၂၃)။
သတင်းကောင်းမှာ ‘‘ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ…

ကလေးသူငယ်ကို အသင့်ပြင်ဆင်

ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာ ၀က်ဆိုက်များစွာ အနက် ၀က်ဆိုက် တစ်ခုတွင် ‘‘လမ်းခရီးအတွက် သင့်ကလေးအား ပြင်ဆင်ပေးပါ။ သင့်ကလေးအတွက် လမ်းကို ဖောက်လုပ်ပေးရန်မဟုတ်’’ ဟူ၍ ဆိုထားသည်။ အသက်တာတွင် ကလေးများအတွက် အခက်အခဲအတားအဆီးများကို ဖြိုဖျက်ကာ လမ်းဖောက်ပေးမည့်အစား ရှေ့၌ရှိသော လမ်းခရီးတွင် ကြုံဆုံရမည့်အခက်အခဲများကို ရင်ဆိုင်ဖြေရှင်း နိုင်ရန်အတွက် ပြင်ဆင်လေ့ကျင့်မှုပြုသင့်သည်။
ဆာလံဆရာက ‘‘သားမြေးတို့မှ မ၀ှက်မထား၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကို လည်းကောင်း၊ ပြုတော်မူသော အံ့ဩဖွယ်အမှုတို့ကို လည်းကောင်း ဖြစ်လတ္တံ့သောသူတို့အား ဖော်ပြကြမည်။ ... ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အား ပြသ၍၊ ဖြစ်လတ္တံ့သော အမျိုးတည်းဟူသော ဘွားမြင်လတ္တံ့သော သူတို့သည် သိနားလည်၍ နောက်တစ်ဖန် မြေးမြစ်တို့အား ပြသမည်အကြောင်း ပညတ်တော်မူပြီ’’ (ဆာ ၇၈း၎-၈)။ ရည်ရွယ်ချက်မှာ ‘‘ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည် ဘုရားသခင်၏အမှုတော်တို့ကို မမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ ပညတ်တော်တို့ကို…

မျိုးစေ့များကို ကြဲဖြန့်ခြင်း

‘‘ရှင့်အမေက ဟိုး ၁၉၅၈ ခုနှစ် Putnam မြို့မှာတုံးက ကျွန်မရဲ့ ပထမတန်းဆရာမလေ။
သူသည် အရမ်းကောင်းပြီး ကြင်နာတတ်တဲ့ ဆရာမဖြစ်ပေမဲ့ စည်းကမ်းကြီးတယ်။ ဆာလံ ၂၃ ကို အလွတ်ကျက်ခိုင်းပြီး အတန်းရှေ့မှာ ထွက်ဆိုခိုင်းတော့ ကျွန်မ
အရမ်းထိတ်လန့်ခဲ့ရတယ်။ ဒီအဖြစ်အပျက်ဟာ ၁၉၉၇ ခုနှစ် ကျွန်မ ယုံကြည်သူမဖြစ်မီ အထိ တစ်ကြိမ်တည်းသော နှုတ်ကပတ်တော်နှင့် ထိစပ်မှု
ဖြစ်တယ်။ ဒီကျမ်းပိုဒ်ကို ပြန်ဖတ်နေရင်း Mrs. McCasland  အကြောင်း အမှတ်ရစရာတွေကို ပြန်လည်တွေးမြင်မိ လာတယ်’’ ဟုရေးထားသော အံ့ဖွယ်အီးမေးလ်တစ်စောင်ကို အမျိုးသမီးတစ်ဦးထံမှ ကျွန်တော် ရရှိခဲ့သည်။
သခင်ယေရှုသည် လူအုပ်ကြီးအား မျိုးစေ့များကို မတူညီသော မြေများဖြစ်သည့် လမ်းမြေ၊ ကျောက်ပေါသော မြေ၊ ဆူးပင်ပေါက်သောမြေနှင့် ကောင်းသောမြေ (မဿဲ ၁၃း၁-၉)တို့တွင်  ကြဲခဲ့သည့်လယ်သမားအကြောင်း ဥပမာကို ပြောပြသည်။ အချို့မျိုးစေ့က…

သတိရအမှတ်ရစရာ အမှုတော်

တစ်စုံတစ်ရာကို ဆုံးရှုံးရခြင်းနှင့် စိတ်ပျက်စရာ အတွေ့အကြုံများကြောင့် ဒေါသ ထွက်ခြင်း၊ အပြစ်ရှိသကဲ့သို့ ခံစားရခြင်း၊ စိတ်ရှုပ်ထွေးရခြင်း စသည်ဖြင့် ကျွန်ုပ်တို့ ခံစားရတတ်သည်။ မိမိ၏ ရွေးချယ်ဆုံးဖြတ်ချက်များကြောင့် ဖြစ်စေ၊ မိမိ၏အမှားမဟုတ်ပါ
ဘဲနှင့် နောက်တစ်ကြိမ်အခွင့်အရေးမရနိုင်တော့ခြင်း၊ ဘ၀၌ ၀မ်းနည်းကြေကွဲစရာများ ကြုံရခြင်း စသည့် ရလဒ်များက ဆရာကြီး Oswald Chambers ပြောသကဲ့သို့ ‘‘ဒီလိုဖြစ်မယ်မှန်းသိရင် ...’’ ဆိုပြီး နားမလည် နိုင်လောက်အောင် ၀မ်းနည်းစေတဲ့ ရိုက်ချက်’’ ဟု ဆိုနိုင်သည်။ နာကျင်စရာ အမှတ်တရများကို ဖိနှိပ်ချိုးနှိမ်ရန် ကြိုးစားလည်း အချည်းနှီးသာဖြစ်ကြောင်း တွေ့လာရသည်။
သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အသက်တာ၌ လှုပ်ရှားသက်ဝင်နေကြောင်း ဆရာကြီး Chambers က
သတိပေးပြန်သည်။ ‘‘ဘုရားသခင်က အတိတ်ကို ပြန်တူးဖော် ယူဆောင်လာတဲ့အခါ မစိုးရိမ်ပါနဲ့။ အမှတ်ရစရာတွေ ရှိတာ ရှိပါစေ။ ပြစ်တင်ဆုံးမတာ၊ ဒဏ်ခတ်ဆုံးမတာ၊…